လူမျိုး , သမိုင်း

ကမ်းပါးဂူအောင်းရှေးလူ

Posted on:

ကမ်းပါးဂူအောင်းရှေးလူ ။            ။ပပျောက်တိမ်ကောသွားပြီဟု ယူဆကြရသောရှေးဟောင်းလူမျိုးတစ်မျိုးမှာ ယခုခေတ်တွင်မြောက်အမေရိကတိုက်၌ နေထိုင်ကြသော ပွက်ဗလိုအင်းဒီးယန်းတိုင်းရင်းသားတို့၏ဘိုးဘေးဘီဘင်များဖြစ်သည်ဟု ယုံကြည်ပေသည်။ ထိုသူတို့သည်မြင့်မားမတ်စောက်သော ကျောက်ကမ်းပါးကြီးများတွင် အဆောက်အအုံများ တည်ဆောက် နေထိုင်ခဲ့ရာ ထိုအဆောက်အအုံများ၏ အကြွင်းအကျန်အစအနတို့ကိုယခုအခါမြောက်အမေရိကတိုက် ကောလိုရားဒိုးပြည်နယ်၊ မက္ကဆီကိုပြည်နယ်၊ အယ်ရီဇိုးနား ပြည်နယ်နှင့် ယူတားပြည်နယ်များတွင် တွေ့မြင်နိုင်သေးသည်။ ယင်းသို့အတက်အဆင်းလွန်စွာခက်ခဲသော တောင်စောင်း ကျောက်ကမ်းပါးများကို ရွေးချယ်၍ နေအိမ်များဆောက်လုပ်နေထိုင်ကြခြင်း အကြောင်းမှာ မိမိတို့ထက် ရိုင်းစိုင်း၍ရက်စက်ကြမ်းကြုတ်သော လူများ၏ ဝင်ရောက်တိုက်ခိုက်ခြင်းကိုကာကွယ်နိုင်ရန် ဖြစ်၏။ ထိုသူများသည် မိမိတို့ ထက် ရှေးကျသော လူများကဲ့သို့ရန်သူကို ခုခံနိုင်သော အရည်အခြင်း စွမ်းရည်သတ္တိနှင့် မပြည့်စုံကြခြင်းကြောင့် ဖြစ်ပေသည်။ သို့ရာတွင် ယဥကျေးမှုအရာ၌ ခေတ်ပြိုင် […]

လူမျိုး

ကပ္ပလီလူမျိုး

Posted on:

ကပ္ပလီလူမျိုး။              ။ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးအနေဖြင့်ကပ္ပလီလူမျိုးတို့ တိုးတက်ကြီးပွားလာပုံမှာ စိတ်ဝင်စားဖွယ်ရာကောင်းလှသည်။ ယဉ်ကျေးသောလူမျိုးဟု မိမိတို့ကိုယ်ကိုယူဆလျက်ရှိသော လူဖြူတို့၏ အဖိနှိပ်ခံဘဝမှ ထိုးထွက်လာကြသည်မှာလည်း အံ့ဩဖွယ်ရာပင်ဖြစ်သည်။ ကပ္ပလီလူမျိုးတို့သည် နှစ်ပေါင်းမြောက်မြားစွာကပင် ကမ္ဘာအရပ်ရပ်၌ကျေးကျွန်များ အဖြစ်ဖြင့် အဆင်းရဲဆုံး၊ အောက်ကျနောက်ကျအဖြစ်ဆုံးသော အခြေအနေများတွင် နေထိုင်ခဲ့ရသည်။ တိရစ္ဆာန်များပမာ သူတစ်ပါး၏ အခိုင်းအစေကိုခံခဲ့ရသည်။ အမှန်စင်စစ် ယနေ့တိုင်ပင် ကပ္ပလီလူမျိုးသည် အခြားလူမျိုးနှင့် တန်းတူလူ့အခွင့် အရေးများကို မခံစားရသေးချေ။ ယင်းသို့ လူမျိုးတမျိုးအနေဖြင့် အဖက်ဖက်တွင် တပန်း ရှုံးနေသော ဘဝမှ အခက်အခဲများကိုကျော်နင်းကာ အခြားလူမျိုးများနှင့် ရင်ပေါင်တန်းလိုက်နိုင်အောင် ကြိုးပမ်းကြသည်မှာ ချီးကျူးဖွယ်ရာပင်ဖြစ်သည်။ ကပ္ပလီဟူသောစကားသည် လွန်စွာပင်အဓိပ္ပါယ်ကျယ်ဝန်းလှသည်။ အတိုချုပ်အားဖြင့် နီးဂရွိုက်လူမျိုးစုများကိုကပ္ပလီလူမျိုးဟုခေါ်သည်။ […]

လူမျိုး

ကဲ့လူမျိုး

Posted on:

ကဲ့လူမျိုး ။    ။ကဲ့ သို့မဟုတ် ဆဲ့လူမျိုးသည် အလွန်ရှေးကျသောလူမျိုးတစ်မျိုးဖြစ်၍၊ ခရစ်တော်မပေါ်မီနှစ်ပေါင်းများစွာကပင် ဥရောပတိုက် အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။ ထိုစဉ်က ရောမအင်ပိုင်ယာမှာ မပေါက်ဖွားသေးပေ။ ကဲ့လူမျိုးသည် လွန်စွာစစ်တိုက်ဝါသနာပါ၍ ဥရောပတိုက်၌ တန်ခိုးထွား ကြီးစိုးခဲ့ကြသည်။သူတို့၏ သြဇာအာဏာသည် အီတလီနှင့် ဂရိနိုင်ငံများသို့တိုင်အောင် ပြန့်ပွားခဲ့သည်။ ရောမအင်ပိုင်ယာကြီးထွန်းကားစတွင် သူတို့သည် အဲ့လပတောင်တန်း၏ မြောက်ဖက် ဒေသများ၌၄င်း၊ ဒန်းညုမြစ်ဝှမ်းအထက်ပိုင်း၌၎င်း၊အခြေစိုက်နေကြလေပြီ။ ကဲ့လူမျိုးအချို့မှာ အင်္ဂလန်နှင့် အိုင်ယာလန်ကျွန်းများသို့ကူးပြောင်းနေထိုင်ကြ၏။ယင်းသို့ တစ်ခါကတန်ခိုးထွားခဲ့သောလူမျိုးသည် ယခု အခါ၌ သီးခြားလွတ်လပ်သော လူမျိုး တစ်မျိုးအဖြစ်ဖြင့်မတည်ရှိတော့ချေ။ သူတို့သည် သူတို့ကိုတိုက်ခိုက်အောင်မြင်သော လူမျိုးတို့နှင့်ရောနှော၍ တိမ်ကောပျောက်ကွယ်သွားကြလေပြီ။ သူတို့၏ အဆက် အနွယ်များကို ယခုအခါပြင်သစ်နိုင်ငံ ဗရစ်တန္နီနယ်၊ ဗြိတိန် နိုင်ငံဝေလပြည်၊ […]

လူမျိုး

ကသည်းလူမျိုး

Posted on:

ကသည်းလူမျိုး။ ။မြန်မာမင်းများလက်ထက် ကတည်းကပင် မဏိပူရပြည်သားများ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ နေထိုင်လာခဲ့ကြသည်။ ထိုမဏိပူရပြည်သားများနှင့်ယင်းတို့မှ ဆင်းသက်ပေါက်ဖွားလာသူတို့ ကိုမြန်မာ ဝေါဟာရအားဖြင် ကသည်း ဟုခေါ်သည်၊ ပြောဆိုသော မူရင်းဘာသာစကားအရ ထိုကသည်းတို့မှာ ကုကီချင်းအစုဝင် ချင်းလူမျိုးတစ်မျိုးများ ဖြစ်ကြောင်း တွေ့ရသည်၊ ကုကီချင်းအစုကို မေထေးနှင့် ချင်းရိုးရိုးဟုနှစ်စုခွဲထားရာ၊ ကသည်းတို့မှာ ပဌမအစုဖြစ်သော မေထေးတို့ တွင် အပါအဝင်ဖြစ်သည်၊ မေထေးမှာ မဏိပူရ ပြည်သားတို့ကိုခေါ်သော အမည်တစ်မျိုးပင် ဖြစ်သည်၊ အမှန်အား ဖြင့် မဏိပူရ ပြည်နှင့် ထိုမေထေးတို့ကို မြန်မာတို့က ကသည်းပြည်နှင့် ကသည်းလူမျိုးဟုပင် ခေါ်ဝေါ်ကြသည်။ ၁၉၃၁ခုနှစ် သန်ကောင်စာရင်းအရ မြန်မာနိုင်ငံတွင် ကသည်းလူမျိုး ၆ဝဝဝမျှ ရှိကြောင်း၊ ယင်းတို့အနက် ၄ဝဝဝမျှ […]

Uncategorised , လူမျိုး , လူမျိုးများ

ကောလူမျိုး

Posted on:

ကောလူမျိုး။ ။ကောလူမျိုးမှာ လိုလိုမိုဆို အစုဝင်လူမျိုးဖြစ်သည်။ လူဦးရေမှာ ၄ဝဝဝဝ နီးပါးမျှရှိ၍ တဖြည်းဖြည်းတိုးတက်လျက်ရှိသည်။ ကောလူမျိုးများသည်နေထိုင်ရာ အစုအလိုက် အိကော၊ ခကော၊ ကောဟူ၍အမည်ကွဲပြားလျက်ရှိသည်။ (လိုလိုမိုဆိုလူမျိုး-ရှု) ထိုလူမျိုးတို့၏ မူရင်းဒေသမှာ ယူနန်နယ်ဖြစ်သည်။ထိုဒေသမှ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ဆင်းသက်လာ၍ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံနယ်အရှေ့ဘက်နယ်စပ်ဆီမှမြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာဟန်တူသည်။ ယခု အခါတွင် ထိုသူတို့ကို ရှမ်းပြည်တောင်ပိုင်း အရှေ့စွန်ဒေသများတွင် အများဆုံး တွေ့ရ၏။ ယူနန်နယ် တောင်ပိုင်းနှင့် ယိုးဒယား နိုင်ငံ မြောက်ပိုင်းတို့၌လည်း တွေ့ရသည်။ ကောလူမျိုးတို့မှာ များသောအားဖြင့် နတ်ကိုးကွယ်ကြ၏။ ခရစ်ယန်အယူဝါဒီ အနည်းငယ်မျှသာ ရှိသည်။ အယူသည်း၍ ဘိုးဘေးစဉ်ဆက်ကို ရိုသေကိုးကွယ်ကြသူများဖြစ်သည်။ကချင်တို့ကဲ့သို့ပင် လူရည်သန့် လူတောင့်များဖြစ်ကြသည်။ ရိုးရိုးနှင့်ရှင်းရှင်း နေတတ်ကြသည်။ အမြွှာ၊ ရုပ်ပျက်ဆင်းပျက်၊ မစွမ်းမသန် […]

လူမျိုး

ကော့ဆက်လူမျို

Posted on:

ကော့ဆက်လူမျိုး ။ ။ကော့ဆက်တို့သည် ရုရှနိုင်ငံ တိုင်း ရင်းသားတစ်မျိုးဖြစ်၍ ရှေးဇာဘုရင်များရှိစဉ်က အလွန် ရဲရင့်သောမြင်းစီး စစ်သားများအဖြစ် ထင်ရှားခဲ့ကြ၏။ ကော့ဆက် ဟူသော စကားမှာ တူရကီဘာသာမှဆင်း သက်လာ၍ ဒလွတ်လပ်စွာ လှည့်လည်သူ” သို့မဟုတ်ဒစွန့် စားသွားလာသူ” ဟု အဓိပ္ပာယ်ရသည်။ သူတို့၏ဘိုးဘေးတို့ မှာ ၁၆ ရာစုနှစ်အတွင်းက ဥရောပတိုက်အရှေ့တောင်ပိုင်းရှိ စတက်လွင်ပြင်များတွင် နေထိုင်ကြသည့် ရုရှ၊ ပိုး၊ တားတား လူမျိုးများတွင် ပါဝင်ကြ၏။ သူတို့သည် ကော့ဆက်ဟူ သောအမည်နှင့် လိုက်လျောညီစွာ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်နေထိုင်ကြ၏။ အနီးအပါးနိုင်ငံများကိုလည်း မကြာခဏဝင်ရောက်တိုက်ခိုက်ကြသည်။ ယင်းတို့အခြေမတည်နေထိုင်ခဲ့ကြရာမှ နောက်ဆုံးရုရှနိုင်ငံ အတွင်းသို့ သိမ်းသွင်းခြင်း ခံရသောအခါ၊ ဇာဘုရင်၏ စစ်တပ်တွင် […]

လူမျိုး

ကော့ကနီး

Posted on:

ကော့ကနီး ။ ။လန်ဒန်မြို့သားများကို ဒကော့ကနီး´ဟု ပြောင်လှောင်ခေါ်ဝေါ်လေ့ရှိကြ၏။ သို့သော်အထူးသဖြင့် ချိပဆိုက်အရပ်ရှိ စိန်မေရီ- လီ-ဗိုးခေါ် ရှေးဘုရားရှိခိုး ကျောင်းကြီးမှ ခေါင်းလောင်းသံ ကြားနိုင်သည့် အရပ်အတွင်း မွေးဖွားကြီးပြင်းလာသူတို့ကိုသာ ကော့ကနီးဟုခေါ်ဝေါ် ကြလေသည်။ ကော့ကနီးဆိုသည့်အင်္ဂလိပ် စကား၏ ဇာစ်မြစ်ကို စိစစ်ရှာ ဖွေခဲ့သူ ဆာဂျိမ်းမာရေး၏အဆိုအရ ထိုစကားမှာ ကြက် ဖ၏ဥဟုအဓိပ္ပါယ်ရ၍ ကြက်မတန်းမများတစ်ခါ တစ်ရံအုတတ်သော ပုံပန်းမကျသည့် ဥသိမ်ဥသေးတို့ကို ခေါ်သော အမည် ဖြစ်လေသည်။ ထိုနောက် လူရိုးလူအကို ကော့ကနီးဟုခေါ် ဝေါ် ကြပြန်၏။ ထိုမှတစ်ဆင့်တက်၍ တောဓလေ့ကိုနား မလည်သော မြို့သူမြို့သားတို့အား တောနေလူများက ကော့ ကနီးဟု ခေါ်ကြလေသည်။ သို့သော် ယခုအခါ လန်ဒန်မြို့ ပေါ်တွင် […]

လူမျိုး

ကရင်လူမျိုး

Posted on:

ကရင်လူမျိုး ကရင်အစုဝင် ဘာသာစကား ပြော ဆို သော လူမျိုးတို့မှာ မြန်မာ နိုင်ငံရှိ တိုင်းရင်းသားတို့အနက် ဒုတိယ လူဦးရေအများဆုံးဖြစ်သည်။ ၁၉၃၁ခုနှစ် သန်းခေါင် စာရင်းအရ ကရင်လူမျိုး ဦးရေမှာ ၁၃၆၇၆၇၃ ဖြစ်၏။ ၁၉၁၁ ခုနှစ်က တစ်သန်းမျှသာရှိခဲ့ရာ ကရင်လူမျိုး ဦးရေ တိုးတက်လျက် ရှိသည်ဟု ဆိုရမည်။ ကရင်လူမျိုးတို့သည် ပြည်ခရိုင်မှတောင်ဘက်သို့ ပင်လယ် ထိ၎င်း၊ရမည်းသင်းခရိုင်နှင့် ရှမ်းပြည်တောင်ပိုင်းမှ တနင်္သာ ရီတိုင်း မြိတ်ခရိုင်ထိ၎င်း၊ ပျံ့နှံ့နေထိုင်ကြသည်။ ယခု ကယား ပြည်နယ်ခေါ် ကရင်နီနယ်နှင့် ယခုကရင်ပြည်နယ်တွင် ပါဝင်သော သံလွင်ခရိုင်တို့မှတစ်ပါး အခြားခရိုင်တို့တွင် ကရင် တို့မှာ လူနည်းစုများ ဖြစ်ကြသည်။ ကယားပြည်နယ်တွင် ၄၅ဝဝဝ […]

လူမျိုး

ကယားလူမျိုး

Posted on:

ကယားလူမျိုး ကယားလူမျိုးတို့မှာ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အပါအဝင် ဖြစ်သော ကယား ပြည်နယ်တွင် လူများစု အဖြစ်နေထိုင်ကြသူများ ဖြစ်သည်။ ယခင်က သူတို့အား ကရင်နီ ခေါ်ဝေါ်ခဲ့ကြ၏။ ပြောဆိုသောဘာ သာ စကားတို့၏ နီးစပ်မှုကို ထောက်ထား၍ ကယား လူမျိုးတို့မှာ တိဗက်မြန်မာအစုဝင် ကရင်အစုခွဲ၌ ပါဝင် သော လူမျိုးတစ်မျိုး ဖြစ်သည်ဟု ဘာသန္တရပါရဂူတို့က ဆုံးဖြတ်ကြ၏။ ကရင်လူမျိုးတို့တွင် ကွင်းကရင်၊ တောင်ပေါ်ကရင်ဟု အကြမ်း အားဖြင့် နှစ်မျိုးကွဲပြားရာ၊ တောင်ပေါ်ကရင်တို့ ကို စိစစ် ခွဲခြားရာ၌ မစ္စတာတေလာက ဘွဲပရဲ့ အစုငယ်၊ ပဒေါင် အစုငယ်နှင့် ကရင် အစုငယ်ဟု၃ စုခွဲထားသည်။ တောင်ပေါ်ကရင်တို့၏ သွင်ပြင် သဏ္ဌာန်ကိုယ်လက် […]

လူမျိုး

ကဒူးလူမျိုး

Posted on:

ကဒူးလူမျိုး။ ။ကဒူးလူမျိုးများမှာ ရှေးကျလှသော သက် လူမျိုးစုတွင်ပါဝင်၍ ထိုလူမျိုးစုဝင် လူမျိုးငယ် ၅မျိုး အနက် လူဦးရေအများဆုံးဖြစ်သည်။ ၁၉၃၁ ခုနှစ် သန်း ခေါင်စာရင်းအရ လူမျိုးအားဖြင့် လူဦးရေ ၃၆ဝဝဝခန့် ရှိ၍ ကဒူးဘာသာစကားကို ပြောဆိုသူဦးရေမှာ ၂၀၀၀၀ မျှရှိသည်။ (သက်လူမျိုး ရှု) ကဒူးတို့သည် မိမိတို့ကိုယ်ကို အ-သက်၊ သက် ဟူ၍ သညာ တပ်ခေါ်ကြသည်။ ပုဂံခေတ်ကျောက်စာတို့တွင် ထို သူတို့ကို ကန္တုဟု ရေးသားဖေါ်ပြ၍၊ တရုတ်မှတ်တမ်း တို့တွင်ကား ချိုင်တုဟု ရေးသားသည်။ ပုဂံခေတ် ကျောက် စာများအရ ထိုခေတ်က ကဒူတို့သည် တကောင်းမြို့ပတ်ဝန်း ကျင်ဖြစ်သော သင်းတွဲ ပြည်နှင့် မူးမြစ်ဝှမ်း […]