အပင်

ကျီးပေါင်း

Posted on:

ကျီးပေါင်း။                 ။ကျီးပေါင်းသည် အခြားသစ်ပင်၏ပင်စည်နှင့် အကိုင်းအခက်များပေါ်တွင် တွယ်ကပ်မှီခို၍ ရှင်သန်ကြီးပွားရသော ချုံပင်မျိုးဖြစ်သဖြင့်၊ အပင်လောက၌အလွန်ထူးဆန်းသော အပင်ဟုဆိုရပေမည်။ ကျီးပေါင်းသီးတို့ကိုကျေးငှက်များ ကိုက်ချီစားသောက်ယင်း သစ်တစ်ပင်မှ တစ်ပင်သို့ လူးလာပျံသန်းစဉ်၊ သစ်ကိုင်းပေါ်တွင် နှုတ်သီးမှတွယ်ကပ် ကျန်ရစ်ခဲ့ သောအစေ့များမှ ကျီးပေါင်းပင်များပေါက်လာခြင်းဖြစ်သည်။ လူနှင့်တိရစ္ဆာန်ကိုယ်ပေါ်ရှိ သန်းနှင့်လှေးတို့သည်၎င်း၊ကိုယ်တွင်းရှိတုတ်ကောင်၊ သံကောင်တို့သည်၎င်း၊ လူနှင့်တိရစ္ဆာန်တို့၏ သွေးသားကိုမှီ၍ ရှင်သန်ကြီးပြင်းရသဖြင့်၊ယင်းတို့မှီခိုရာ လူနှင့်တိရစ္ဆာန်တို့၏ ကျန်းမာရေးကို ထိခိုက်စေ၏။ ထို့အတူ၊ ကျီးပေါင်းတို့သည်လည်း မိမိတို့ရှင်သန်ကြီးပွားမှုအတွက် လိုအပ်သောအာဟာရဓာတ်အချို့ကို ပင်မသစ်ပင်မှ စုပ်ယူရရှိသဖြင့်ထိုအပင်၏ ကြီးပွားဖွံ့ဖြိုးရေးကိုနည်းနှင့်အများထိခိုက်စေသည်။ ကျီးပေါင်းပင်တို့သည် ရုက္ခဗေဒအလိုအရ “လိုရန်သေစီ”မျိုးရင်းတွင်ပါဝင်၍ မျိုးကွဲပေါင်း ၃ဝ ထက် မနည်းရှိသည်ဟု ခန့်မှန်းရသည်။ […]

အပင်

ကံ့ကော်ပင်

Posted on:

ကံ့ကော်ပင် ။         ။ကံ့ကော်ပင်များသည် အာသံပြည်နှင့်မြန်မာနိုင်ငံရှိ အမြဲစိမ်းတောများမှ အပင်ကြီးတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီတိုင်း၌ အပေါက်များသည်။ ပေ ၈၀ မှ ၉ဝအထိမြင့်၍ ပင်စည်လုံးပတ်မှာ ၈ ပေမှ ၁၀ ပေအထိရှိတတ်သည်။ ကံ့ကော်သား၏အရောင်မှာ နီညစ်ညစ်ရှိ၍၊ အလွန်မာကျော လေးလံပြီးလျှင် ကြာရှည်ခံသည်။ ခြောက်သွားသောအခါ ပြုပြင်ရန်ခဲယဉ်းသည်။ မာကျောခိုင်ခံ့သဖြင့်ကံ့ကော်သားကို တံတား၊ မီးရထားလမ်းဇလီဖါးတုံး၊ ရေတွင်းဘောင်၊ သေနတ်ပြောင်းခံနှင့် လှည်းထမ်းပိုး၊ လှည်းပုံတောင်းစသည်များအတွက် အသုံးချနိုင်သည်။ ကံ့ကော်ပင်၏ ရုက္ခဗေဒအမည်မှာ မက်ဆူဝါဖဲရီးယားဖြစ်သည်။ အရိပ်အာဝါသကောင်းခြင်း၊ လှပ၍ ရနံ့ကြိုင်သောပန်းများ ပွင့်ခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် အနှံ့အပြားစိုက်ပျိုးကြ၏။ နောင် ပွင့်တော်မူလတ္တံ့သော အရိမေတ္တယျမြတ်စွာဘုရားရှင်သည် […]

အပင်

ကန်စွန်းပင်

Posted on:

ကန်စွန်းပင် ။         ။ကန်စွန်းပင်ကို ရုက္ခဗေဒအလိုအားဖြင့်အစ်ပိုမီးယားဟု ခေါ်သည်။ ကွန်ဗေါ်ဗျူလေစီအီးမျိုးရင်းဝင်ဖြစ်၍ မျိုးစိတ်ပေါင်း ၄ဝဝ မျှရှိသည်။ ကန်စွန်းပင်မျိုးအားလုံးသည် နွယ်ပင်မျိုးသာဖြစ်သည်။ အချို့အပင်မျိုးများကို ပန်းပွင့်လှပသဖြင့် ဥယျာဉ်များတွင်စိုက်ပျိုးလေ့ရှိကြသည်။ စိုက်ပျိုးသူများကထိုအပင်များကိုကွန်ဗေါ်ဗျူးလပ်အဖြစ် သိကြသည်။ မြန်မာနိုင်ငံ၌ ထင်ရှားသောကန်စွန်းပင်မျိုးများမှာ ကန်စွန်းဥပင်၊ ကန်စွန်းကလေးပင်နှင့် ကန်စွန်းကြီးပင်များဖြစ်သည်။ ထိုအပင်များကို ရုက္ခဗေဒအလိုအားဖြင့် အစ်ပိုမီးယားဗတေးတား၊ အစ်ပိုမီးယား-အက်ကွာတီးကားနှင့် အာဂျီးရီးယား-စပီစီအိုးဆားဟု အသီးသီးခေါ်သည်။ ကန်စွန်းဥပင်သည် တစ်နှစ်ခံနွယ်ပင်ဖြစ်၏။ အစွန်း၃ခုရှိပြီး သံလျက်ပုံရှိသည့် အရွက်များ ရွက်လွှဲထွက်ကြသည်။ကတော့ပုံအပွင့်များ ပွင့်သည်။ အပွင့်များ၏ အတွင်းဖက်တွင် ၃ ပုံ ၂ ပုံခန့် နီလျက်အဝဖြူသည်။ ပန်းပွင့်၏အရွယ်မှာလက်ညှိုးခန့် ရှိပြီး အဝတစ်လက်မခွဲခန့် ရှိသည်။ မိုးကျလျှင် ကုန်းတွင်နွယ်ကို […]

အပင်

ကန့်ပလာပင်

Posted on:

ကန့်ပလာပင် ။             ။မြန်မာနိုင်ငံ၌ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ပင်လယ်ကမ်းတစ်လျှောက် လမုတော၊ လမဲ့တောတို့တွင် ကန့်ပလာပင်များ ကိုတွေ့ရသည်။ ကန့်ပလာပင်သည် ပေ ၈ဝ ကျော်အထိမြင့်တက်သဖြင့် အဆိုပါလမုတော၊ လမဲ့တောများတွင် အမြင့်မားဆုံးဖြစ်၏။ ကန့်ပလာပင်သည် ယူကလစ်တပ်ပင်နှင့် ခပ်ဆင်ဆင်တူ၍ အကိုင်းဖျားသည် အောက်ဘက်သို့ ညွတ်ကျလျက်ရှိတတ်သည်။ကန့်ပလာသား၏အရောင်မှာ နီညိုရောင်ဖြစ်၍ အသားအတော်အသင့်မာသည်။ ခြအဖျက်လွယ်သော်လည်း အသင့်အတင့် တာရှည်ခံသဖြင့်၊ အိမ်ဆောက်ရန်အပြင် သေတ္တာ၊အိမ်သုံး ပစ္စည်းနှင့် လှေများလုပ်ရာ၌ အသုံးဝင်သည်။

အပင်

ကုက္ကိုပင်

Posted on:

ကုက္ကိုပင်။            ။ကုက္ကိုပင်သည် ဗုဒ္ဓဘာသာ ကျမ်းဂန်များအရ ကမ္ဘာတည် သစ်ပင်ကြီး၇ပင်တွင်ပါဝင်သည်။ ကမ္ဘာတည်သစ်ပင်ကြီး ၇ ပင်မှာ အရှေ့ကျွန်း၌ ကုက္ကိုပင်၊တောင်ကျွန်း၌ သပြေပင်၊ အနောက်ကျွန်း၌ ထိမ်ပင်၊ မြောက်ကျွန်း၌ ပဒေသာပင်၊တာဝတိံသာနတ်ပြည်၌ ပင်လယ်က သစ်ပင်၊ အသူရာပြည်၌ သခွတ်ပင်၊ ဂဠုန်ပြည်၌ လက်ပံပင်တို့ ဖြစ်ကြ၏။ ကကုဿန်မြတ်စွာဘုရားသည် ကုက္ကိုပင်၌ပွင့်တော်မူသည်ဟု ဗုဒ္ဓဝင်တွင် ဆိုသည်။ ကုက္ကိုပင်သည်ထနောင်း မျိုးတွင်ပါဝင်လျက် မြန်မာ နှကုက္ကိုနှင့်သင်္ဘောကုက္ကိုဟူ၍ ၂ မျိုးရှိသည်။ ကုက္ကို ၂ မျိုးလုံးပင် အကိုင်းအခက် ဝေဝေဆာဆာဖြင့် အရိပ်ကောင်းသောသစ်ပင်ကြီးများဖြစ်ကြ၍ ယင်းတို့ကိုမြန်မာနိုင်ငံအရပ်ရပ်မှာ ပင် တွေ့နိုင်သည်။ အထူးသဖြင့် ခရီးသည်များအရိပ်ရစေရန် သင်္ဘော […]

အပင်

ကတ္တီပါပင်

Posted on:

ကတ္တီပါပင် ။                ။ကတ္တီပါပင်သည် အပင်ငယ် မျိုးဖြစ်သည်။အသီးကိုစားရ၍ အသီးခွံတွင် ကတ္တီပါကဲ့သို့ အမွေးနုများဖုံးအုပ် နေသဖြင့် ကတ္တီပါသီးဟု တွင်သည်။အကိုင်းအခက်များ ခိုင်မာ၍ အဝါရောင်အမွေးများ ရှိသည်။ အရွက်များတွင် အပေါ်ဘက်၌ ချောမွတ်၍ အောက်ဘက်၌ အဖြူရောင်အမွေးနုများရှိသည်။ကတ္တီပါပင်၏ မူရင်း ဒေသမှာ ပသျှူးကျွန်းစုဖြစ်သည်။မြန်မာနိုင်ငံ၌ ကတ္တီပါပင်ကို အနှံ့အပြားမစိုက်ပျိုးကြသော်လည်းဥယျာဉ်များတွင် တစ်ခါတစ်ရံတွေ့မြင်နိုင်သည်။မျိုးပွားရာတွင် အစေ့မှဖြစ်စေ၊ အကိုင်းဆက်နည်းနှင့်ဖြစ်စေပြုလုပ်ယူကြသည်။ မိုးဦးကျအချိန်တွင် အသီးများ မှည့်ကြသည်။ အသီးသည် ခပ်လုံးလုံးဖြစ်၍ အချင်း ၂လက်မခန့် ရှိသည်။ အသီး၏အရောင်မှာ ညိုရင့်ဖြစ်၍ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အမွေးများပါရှိသည်။ ထိုအမွေးများသည်နူးညံ့သော်လည်း ယားယံစေတတ်သဖြင့် အသီးကိုမစားမီ […]

အပင်

ကောင်းမှုပင်

Posted on:

ကောင်းမှုပင် ။              ။ကောင်းမှုပင်သည် သစ်ပင်ကြီးမျိုးဖြစ်၍ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးရိုးမနှင့် တနင်္သာရီတိုင်းရှိ အမြဲစိမ်းတောများ၌ ပေါက်သည်။ အမြင့်ပေ ၁၅ဝ ခန့်နှင့် လုံးပတ် ၁ဝ ပေမှ ၁၅ ပေခန့် အထိ ရှိတတ်သည်။ ပဲခူးရိုးမကဲ့သို့သော အချို့အရပ်ဒေသများ၌ သင်္ကတူ (သင်္ကန်းတူ)ပင်ကို ကောင်းမှုပင်ဟူ၍ မှားယွင်း ခေါ်လေ့ရှိကြသည်။ထားဝယ်နယ်တွင် ကဘန်ကောင်းမှုပင်ဟုခေါ်သော ကောင်းမှုပင်တစ်မျိုး ရှိသေးသည်။ကောင်းမှုသားသည် ပေါ့၍ ခိုင်ခံ့သော်လည်းတာရှည်မခံချေ။ သို့ဖြစ်၍ လက်ဖက်ခြောက်ကဲ့သို့ စားသုံးစရာပစ္စည်းများ ထည့်ရန် ပေါ့ပါးသောသေတ္တာများနှင့် ရိုးရိုးအိမ်အသုံးအဆောင်များ လုပ်ရန်လောက်သာ သင့်လျော်သည်။သို့သော် မြန်မာနိုင်ငံ၌ လှေစပ်ရန်အတွက်လည်းကောင်းမှုသားကို အသုံးများခဲ့ပေသည်။

အပင်

ကင်ပွန်းပင်

Posted on:

ကင်ပွန်းပင် ။      ။ရုက္ခဗေဒအလိုအားဖြင့် အကေးရှားကွန်စင်းနား” ဟုခေါ်သောအပင်မှာ ကင်ပွန်းပင် ပင်ဖြစ်သည်။ ထိုအပင်ကို ကင်ပွန်းချဉ်၊ ဆူးပုပ်ဟုလည်းခေါ်ကြသေးသည်။ မျိုးစိတ်ပေါင်း ၅၅ဝ မျှရှိပြီး ကမ္ဘာတဝှမ်းလုံးရှိနွေးသောဒေသများတွင် ပေါက်ရောက်လေ့ရှိသည်။ အရွက်များမှာရွက်ပေါင်းဖြစ်သည်။ မွှေးကြိုင်၍သေးငယ်သော အပွင့်ကလေးများ အပြွတ်လိုက် ပွင့်လေ့ရှိသည်။ အစေ့များပါရှိသော အသီးတောင့်များ သီးသည်။ အစေ့များ ရှိရာတွင်အဆစ်သဖွယ်ချိုင့်လျက် ရှိသည်။ ထနောင်းစေးသည် အကေးရှားဆင်နီဂေါ” ခေါ် ကင်ပွန်းပင်တစ်မျိုးမှထွက်သော အစေးဖြစ်သည်။ကင်ပွန်းပင်မျိုးမှ အခေါက်များသည် သားရေနယ်ရာတွင်အသုံးဝင်သည်။ မြန်မာနိုင်ငံရှိ ကင်ပွန်း ပင်ကို အစေ့မှ စိုက်ပျိုးယူကြသည်။အပင်မှာ နွယ်ယောင်ပင်ယောင်ဖြစ်သည်။ ပင်စည်နှင့်အရွက်တံတို့တွင် ဆူးများရှိသည်။ အရွက်များသည် ရွက်ဆိုင်ထွက်ကြပြီး ရွက်ပေါင်းများဖြစ်သည်။ မန်ကျည်းရွက်လောက်မကြီးကြချေ။ ပင်စည်အရွယ်မှာ ခြေသလုံးအရွယ်၊ပေါင်လုံးအရွယ်မျှ ရှိသည်။ […]

အပင်

ကောက်မျိုး

Posted on:

ကောက်မျိုး ။          ။ ကောက်ပင်များမှာ စင်စစ် မြက်ပင်များဖြစ်ကြ၏။ သို့ရာတွင် သာမန်မြက်ပင်သည် အစေ့နှင့်အမြစ်များမှပေါက်ပွား၍ ကောက်ပင်မှာမူ အစေ့မှပေါက်ပွားသည်။ ကောက်ပင်စေ့မှအစေ့များသည် လူတို့အတွက်အာဟာရဓါတ်ပါရှိသဖြင့် စားသုံးရန် စိုက်ပျိုးကြသည်။လူတို့စားသုံးရန် ကမ္ဘာပေါ်တွင် စိုက်ပျိုးကြသော ကောက်ပင် အမျိုးမျိုးအနက် ဆန်၊ ဂျုံနှင့် ပြောင်းဖူးတို့မှာ အစိုက်များသော ကောက်ပင်များဖြစ်သည်။ ဂျုံနှင့်ပြောင်းဖူးတို့ ကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး ပေါင်မုံ့ကဲ့သို့ မုံ့တစ်မျိုးမျိုးပြုလုပ်၍ စားလေ့ရှိကြသည်။ ဆန်ကိုမူ အစေ့လိုက်ချက်၍စားလေ့ရှိ၏။ ဆန်၊ ဂျုံနှင့် ပြောင်းဖူးတို့အပြင် အခြားကောက်ပင်များမှာ မုယော၊ မြင်းစားဂျုံ၊ ရိုင်းစပါး၊ နှံစားပြောင်းနှင့် ရှရီမန်ပင်တို့ဖြစ်သည်။ မုယောကို ရှေးမဆွကပင် အီဂျစ်လူမျိုး၊ဟီဗြူလူမျိုးနှင့် တရုတ်လူမျိုးများစိုက်ပျိုးခဲ့ကြသည်။ မုယောမှုန့်ကို […]

အပင်

ကယ်စီအိုလေးရီးယားပင်

Posted on:

ကယ်စီအိုလေးရီးယားပင်။    ။ကယ်စီအိုလေးရီးယားအပင်မျိုးစုမှာ ဒစကရော့ဖြူလေးရီးအေးစီး မျိုးရင်းတွင်ပါဝင်သည်။ ကယ်စီအိုလေးရီးယား ဟူသောစကားမှာလက်တင် ဘာသာ ဒကယ်စီအိုလပ်’ ဟူသော စကားမှဆင်းသက်လာခြင်းဖြစ်၍ဖိနပ်အငယ်ကလေးဟုအဓိပ္ပာယ်ရသည်။ ထိုအပင်များကို အင်္ဂလိပ်လူမျိုးတို့က ဥယျာဉ်များတွင် စိုက်ပျိုးကြသည်။ အပွင့်မှာ အရောင်ကွဲအမျိုးမျိုးရှိသည်။အထူးသဖြင့် အလှအပအဖြစ်ဥယျာဉ်ထဲတွင် ပွင့်ဝါမျိုးကိုသာစိုက် ကြသည်။ အခြားပွင့်နီနှင့်ပွင့်ညိုမျိုးများရှိသော်လည်း မစိုက်ကြချေ။အပင်ရိုင်းအဖြစ်သာ မြင်တွေ့ကြရသည်။ သို့ရာတွင် ပွင့်နီနှင့်ပွင့်ညိုများလည်း အလွန်လှပကြ၏။ အချို့အပွင့်ကျားမျိုးလည်း ရှိသေးသည်။ အဝါသို့မဟုတ် အနီရောင်ပေါ်တွင် အပြောက်ကလေး များရှိ၍ အလွန်လှပသည်။ထိုအပင်များသည် မက္ကဆီကိုနိုင်ငံ၊ တောင်အမေရိကတိုက်နှင့် နယူးဇီလန်နိုင်ငံတို့တွင် အလေ့ကျပေါက်သည်ကိုတွေ့ရ၏။ ထိုဒေသများတွင် ကယ်စီအိုလေးရီးယားမျိုးစိတ်ပေါင်း ၁ဝဝခန့်ရှိသည်။ထိုအပင်၏အပွင့်မှာ အသွေးအရောင်ကောင်း၍ ဘောလုံးသဏ္ဌာန် လှပစွာရှိသောကြောင့် လူတို့၏စိတ်ကို နှစ်သက်စေရန် ဆွဲဆောင်နိုင်ပေသည်။