ကုန်းနေသတ္တဝါ , တိရစ္ဆာန်

ကဲရီးဗူးသမင်

Posted on:

ကဲရီးဗူးသမင်။ ။မြောက် အမေရိကတိုက်ရှိ သမင်တစ်မျိုး ကို ကဲရီးဗူးဟု ခေါ်သည်။ အခြား သမင်များနှင့် မတူပေ။ ကြီးမားသော ဦးခေါင်း၊ တိုတုတ်သောလည်ပင်း ခြေထောက် တို့ဖြင့် သန်မာသောအသွင်ကို ဆောင်၏။ ဦးချိုတရမ်းရမ်း နှင့် ကဲရီးဗူးသမင် အုပ်ကြီးများ တောတောင်ခရီးတွင်သွား နေစဉ်ကြည့်လိုက်လျှင် ရှုမငြီးဖွယ်ရာပင်ဖြစ်တော့သည်။ အဖိုနှင့်အမနှစ်ကောင်စလုံး၌ ဦးချိုများရှိသည်။ သို့ သော်အမ၏ဦးချိုမှာ ပို၍သေးသွယ်သည်။ ဦးချိုများ မှာအရင်း၌ ကားထွက်၍ နဖူးပေါ်သို့ကုပ်ကျလျက်ရှိ၏။ တဖြည်းဖြည်း ရှည်လာသောအခါ အပေါ်သို့အတက် အလက်များ တိုးထွက်လာသည်။ခြေထောက်တို့မှာလည်း အတော်ပင် ထူးဆန်းလှသည်။ နွားများကဲ့သို့ခွာနှစ်ခြမ်းကွဲနေ၍ မြေပေါ် နင်းသောအခါ ဘေးသို့ ကားထွက်သွား၏။ ရေခဲဖုံးလွှမ်းရာ အရပ်ဒေသတို့၌ ခြေမချော်စေရန် ဖန်တီးပေးသကဲ့သို့ရှိသည်။ မြောက်အမေရိကတိုက်အပြင် […]

ကုန်းနေသတ္တဝါ , တိရစ္ဆာန်

ကဲရကယ်

Posted on:

ကဲရကယ်သည် ပါးရှင်းကြောင်မြီးတိုဟူ၍ လည်း ခေါ်သည့် တောကြောင်တစ်မျိုး ဖြစ်သည်။ ထိုတော ကြောင်ကြီးမျိုးသည် အရွယ်အားဖြင့် မြေခွေးထက် ယောင် ယောင်မျှကြီးသည်။ ကိုယ်အပေါ်ပိုင်းမှာနီညိုရောင်ဖြစ်၍ အောက်ဘက်တွင် ဖြူယော်ယော်အဆင်းရှိသည်။ ထူးခြား ချက်မှာနားရွက်များ သည်နက်၍ အဖျားတွင် ပန်းပွားသ ဖွယ်ရှည်သော အမွေးစုများရှိခြင်းဖြစ်သည်။ ထိုပြင် မျက် လုံးအပေါ် တစ်ဖက်တစ်ချက်တွင် အဖြူပြောက် ၂စက်စီရှိ ၏။ အမြီးရှည်သည်။ ထိုတောကြောင် ကြီးမျိုးကို အာရှတိုက် တောင်ပိုင်းဒေသ များနှင့် အာဖရိကတိုက်တွင် အနှံ့အပြားတွေ့ရှိရသည်။ ထိုတိရစ္ဆာန်မျိုးသည် မြက်တောနှင့် ချုံဖုတ် များထဲတွင် နေလေ့ရှိ၍၊ ဒရယ်ကလေးများ၊ ယုန်၊ ဥဒေါင်းနှင့်အခြား ငှက်ကလေးများကို ဖမ်းယူစားတတ်သော အသားစားသတ္တ ဝါမျိုးဖြစ်သည်။ သို့ရာတွင် […]

တိရစ္ဆာန် , ရေနေသတ္တဝါ

ကနန်း

Posted on:

ကနန်း ။ ။ကျွန်ုပ်တို့ သိသလောက် ရေသတ္တဝါများ၌ ခြေထောက် ပါသည်ကို အလွန်တွေ့ရခဲသည်။ များသော အားဖြင့် ခြေထောက် အတုအယောင်များသာ ပါရှိကြသည်။ ကနန်း (ပုဇွန်လုံး)တွင်ကား ထူးခြားစွာ ခြေထောက် ၁၀ချောင်း ပါရှိသည်ကို တွေ့ရ၏။ ယင်းတို့အနက် ချောင်းကိုသာ လမ်းလျှောက်သွားလာရန် အသုံးချ၍ ကနန်းလက်မခေါ် ကြီးမားသန်စွမ်းသည့် ပထမအစုံကိုမူ လက်သဖွယ်အသုံးချသည်။ ထိုလက်မကြီးများသည် ကနန်းအတွက် အကာအကွယ်လက်နက်လည်းဖြစ်၏။ ကနန်း၏ ကျောကုန်းမှာ အံ့ဖွယ်ကောင်းလောက်အောင် မာကျောသော အခွံထူဖြစ်၍ ဤအခွံကြီးက သူ၏ ကိုယ် ခန္ဓာကို ကာကွယ် ထားသည်။ ကိုယ်အရှေ့ပိုင်းတွင် ရင်အုပ် ကာသံချပ်သဖွယ် အကာအကွယ် ပါရှိ၍ ခြေထောက် ၁၀ ချောင်း […]

ကုန်းနေသတ္တဝါ , တိရစ္ဆာန်

ကတိုးကောင်

Posted on:

ကတိုးကောင် ။ ။ကတိုးကောင်သည် ဟိမဝန္တာ တောင်ကုန်းမြင့် သစ်တောများတွင် ရှိသော ဒရယ် တစ်မျိုး ဖြစ်၍ ယင်းကို လက်တင်ဘာသာဖြင့် မော့ချပ်မော့ချီဖါရာ ဟု ခေါ်သည်။ များသောအားဖြင့် တစ်ကောင်တည်း နေ တတ်၏။ တစ်ခါတစ်ရံ ဖိုမတွဲ၍နေသည်ကိုတွေ့ရ၏။ သို့ရာ တွင် အစုအအုပ်ဖွဲ့၍ကား မနေချေ။ အရွယ်ရောက်သော အကောင်မှာ အလျား၃ ပေခန့်ရှိ၍ ပခုံးတွင် လက်မ ၂၀ခန့် မြင့်သည်။ အရောင် အမျိုးမျိုး ရှိသော်လည်း များသောအား ဖြင့် အောက်ပိုင်း ဖြူ၍၊ အပေါ်ပိုင်းသည် မီးခိုးရောင်၊ သို့မ ဟုတ် အညိုရောင် ဖြစ်သည်။ အဖိုနှင့်အမ နှစ်ကောင်စလုံး၌ ဦးချို မရှိချေ။ […]

တိရစ္ဆာန် , ရေနေသတ္တဝါ

ကကူရံ

Posted on:

ကကူရံ ။ ။ ကကုရံသည် ပင်လယ်ငါးမျိုး ဖြစ်၍ ရခိုင် ပြည်ဖက်တွင် ငလက်ခွာဟု၎င်း၊ ထားဝယ်ဖက်၌ ငကွဲယင် ဟု၎င်း တွင်သည်။ နိုင်ငံခြားတွင်မူ အိန္ဒိယဆာမန်ဟု ခေါ်လေ့ရှိကြသည်။ ပါဏဗေဒ အလိုအရ ကကုရံသည် ငပုဏ္ဏားနှင့် အတူ “ပေါ်လီနီမီဒို” မျိုးရင်းတွင် ပါဝင်၍၊ ဤငါးနှစ်မျိုးလုံးပင် မြန်မာနိုင်ငံ၌ လူကြိုက်များသဖြင့် အရောင်းရ တွင်ကျယ်လေသည်။ ကကုရံသည် ခြောက်ပေ ကျော်ကျော်အထိ ရှည်နိုင်သည်။ နှာယောင်ပွ၍ ဝိုင်းသည်။ မျက်လုံး ကြီးသည်။ ပါးစပ်ကြီး၍ပါးစပ်ပေါက် နက်သည်။ ကျောဆူးတောင် နှစ်ခုပါ၍ ထင် ရှားပေါ်လွင်သည်။ အမြီးခွနက်သည်။ အနားကြမ်းမျိုး ဖြစ် သည့် အကြေးများမှာ သေးငယ်၍ ထောင်လိုက်ပေါက်သော […]

တိရစ္ဆာန် , ရေနေသတ္တဝါ

ကကတစ်

Posted on:

ကကတစ်။ ။ကကတစ်သည် မြန်မာနိုင်ငံ ကမ်းရိုးတစ် လျှောက်၌ တွေ့ရသော အရေးကြီးသည့် စားငါး တစ်မျိုးဖြစ် ၍ လူသိများသည်။ ဤငါးသည် ပါဏဗေဒ အလိုအရ ငတောက်တူ၊ ကသမြင်း၊ ငစင်စပ် စသည်တို့နှင့်အတူ ‘ပါစီဒို” မျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍ အနည်းငယ် ရှည်လျားသည်။ နှာတံတို၍ အောက်မေး ရှေ့သို့ငေါထွက်နေသည်။ ခေါင်း၏ဘေး တစ်ဖက်တစ်ချက် တွင် ကြီးမားသော မျက်လုံးနှစ်လုံးရှိသည်။ ကျောဆူးတောင် နှစ်ခုပါ၍ ရှေ့ဆူးတောင်တွင် မာကျောသော ဆူးရိုးများ ပါရှိသည်။ အမြီးမှာ ထိပ်ဝိုင်းမျိုးဖြစ်၏။ အကြေးများမှာ မကြီးမငယ်ဖြစ်၍ အနားကြမ်းအကြေးမျိုး ဖြစ်သည်။ ဤငါး၏ အရောင်မှာ မွဲပြာရောင် ဖြစ်၍၊ […]