Uncategorised , အဖွ​ဲ့ ဌာန

ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်း

Posted on:

ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်း။               ။ကမ္ဘာ့သမိုင်းကိုပြန်လည်သုံးသပ်ကြည့်လျှင် ကမ္ဘာဦးအစမှ ယနေ့တိုင်အောင်လူအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေသော စစ်ပွဲကြီးများကိုတွေ့ရပေမည်။ ငြိမ်းချမ်းရေးကိုလိုလားသော ပုဂ္ဂိုလ်အချို့တို့၏ တိုက်တွန်းနှိုးဆော်ချက်ဖြင့်သော် လည်းကောင်း၊သို့မဟုတ် စစ်ပွဲကြီးများတွင် ပါဝင်တိုက်ခိုက်သူတို့ကိုယ်တိုင်နောင်တရရှိ၍သော်လည်းကောင်း၊ စစ်ပွဲကြီးများအနားယူကာကမ္ဘာကြီးသည်ခဏတာမျှ ငြိမ်းအေးလျက်ရှိသည်။ စစ်ပွဲကြီးများ စတင်သည်နှင့်တစ်ပြိုင်နက် နိုင်ငံအချင်းချင်းမသင့်တင့်မှုလူမျိုးအချင်းချင်းမုန်းတီးမှုများ ပွားများလာလျက် တစ်ဖက်ကိုတစ်ဖက် အနိုင်တိုက်ခိုက်ကြတော့သည်။စစ်သည် စီးပွားရေး၊ ပညာရေး၊ လူမှုဆက်ဆံရေး၊ လူ့ယဉ်ကျေးမှု ပြန့်ပွားရေးတို့ကို ဟန့်တားရပ်တန့်စေရုံမျှမက၊ လူတို့၏ ကိုယ်ကျင့်တရားများကိုလည်း ပျက်ပြားနိမ့်ကျစေသည်။ လူ့လောကကြီး၏တိုးတက်ကြီးပွားရေးတွင် မီးရှူးတန်ဆောင်များဖြစ်သော သိပ္ပံ၊ ဝိဇ္ဇာပညာရပ်တို့မှာ စစ်နိုင်ရေးတစ်ခုတည်းအတွက် အလုပ်အကျွေးပြုကြရတော့သဖြင့် အပြု’လုပ်ငန်းများထက် အဖျက်” လုပ်ငန်းများအဖြစ် အသုံးပြုကြသည်။ တိုးတက်လာသော သိပ္ပံပညာရပ်ကြောင့်ပေါ်ပေါက် လာသည့် လက်နက်သစ်၊ လက်နက်ဆန်းများသည် […]

ဗုဒ္ဓ , ဘာသာ

ကုဏ္ဍလကေသာထေရီ

Posted on:

ကုဏ္ဍလကေသာထေရီ ။           ။ကုဏ္ဍလကေသာမှာဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် တရားထူးကိုလျင်မြန်စွာ ရသောကြောင့် ခိပ္ပါဘိညာနံတဒင်္ဂဘွဲ့ဖြင့် မြတ်စွာဘုရား ချီးမြောက်တော်မူခြင်းခံရသော ထေရီမတစ်ပါးဖြစ်သည်။ ရာဇဂြိုဟ်ပြည်မှ သဌေးသမီးတစ်ဦးဖြစ်၍ ဘဒ္ဒါ အမည်တွင်သည်။ အရွယ်ရောက်သော် ဗိမ္ဗိသာရမင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားကြီးတွင် ဖွားမြင်သော သတ္တုကခိုးသားကြီးကိုနှစ်သက်သဖြင့် အပြစ်ဒဏ်စီရင်ခံရမည့်ဆဲဆဲခိုးသားကြီးကိုအာဏာသားတို့လက်မှ တန်ဆိုးပေးကမ်းကယ်ယူ၍ လက် ထပ်သည်။ ထိုနောက် သတ္တုကက သူ့အားသတ်ရန် ကြံစည်သဖြင့်သူလက်မဦးမီ တောင်ပေါ်မှ တွန်းချပြီးနောက် တရားသံဝေဂရကာ ရှေးဦးစွာ နာဋပုတ္တကြီးမှူးသော နိဂဏ္ဍ တက္ကတွန်းတို့ထံရောက်ရှိသွားသည်။ တိတ္ထိတို့က ရဟန်းပြုပေးရာ ဆံပင်များကို ဓားဖြင့်မရိတ်ဘဲနုတ်ခြင်းခံရသဖြင့် အသစ်ပေါက် သောဆံပင်များ တွန့်ခွေနေသည်ကိုအစွဲပြု၍ ကုဏ္ဍလကေသာ(နားဋောင်းလိပ်သဏ္ဌာန် ဆံပင်ရှိသူ) ဟု ခေါ်တွင်သည်။ […]

Uncategorised

ကိန္နရာ

Posted on:

ကိန္နရာ ။            ။ကိန္နရာသည် မြန်မာကျမ်းဂန်များ၌ ဖေါ်ပြသော လူတစ်ပိုင်းငှက်တစ်ပိုင်း သတ္တဝါမျိုးဖြစ်သည်။ စန္ဒကိန္နရီဇာတ်၊ တက္ကာရိယဇာတ်၊ အဋ္ဌသဒ္ဒဇာတ်၊ ဘလ္လတိယဇာတ်များအရ မဇ္ဈိမဒေသ မြောက်ပိုင်း ဟိမဝန္တာတောင်တွင် ရှေးအခါက ရှိခဲ့သည်ဟု သိရသည်။မြတ်စွာဘုရား အလောင်းသည်ကိန္နရာဘဝ၌ဖြစ်ခဲ့ဘူးကြောင်းကိုလည်း ဇာတ်တော်၌ဆိုသည်။ ကိန္နရာ၏ အသွင်အပြင်မှာ မြင်း၏မျက်နှာနှင့်တူသော မျက်ခွက်ရှိ၍ လူနှင့်တူသောကိုယ်အင်္ဂါရှိကြောင်းအဘိဓါန်ဋီကာ၌ဖွင့်ဆိုသည်။ရွှေရောင် အဆင်းရှိ၍ အတီးအမှုတ်၊ အကအခုန်အတတ်ကိုလည်း တတ်မြောက်ကြသည်ဟုဆိုသည်။ မင်းလှရာဇာကျော်ထင်ရေး စန္ဒကိန္နရီပျို့တွင် အကျယ်ဖွဲ့နွဲ့စပ်ဆိုထားသည်။ကိန္နရာအမျိုးမျိုးများစွာ ရှိသည်ကို အသီတိနိပါတ် မဟာကုဏာလ ဇာတ်တွင် ပါသည့်အတိုင်းမဃဒေသလင်္ကာသစ်တွင် ‘ဟေမာလယ၊ တောမြိုင်မက၊ ဒေဝစန္ဒ၊ သကုဏနှင့်ဒုမကောန္တု၊ ဒဏ္ဍမာဏဝီ၊ ထိုပီအပ၊ ကဏ္ဏပါဝု၊ အစပြုသား၊လူ့ကိုယ်လူ့လက်၊ လူ့မျက်ခွက်နှင့်၊ […]

ဘာသာ , ဘုရား

ကဿပမြတ်စွာဘုရား

Posted on:

ကဿပမြတ်စွာဘုရား ။          ။ ကဿပမြတ်စွဘုရားသည်ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးဘုရား ၄ ဆူအနက်တတိယမြောက် ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ဗာရာဏသီပြည်မှ ဗြဟ္မဒတ္ထမင်းနှင့် မိဖုရားဓနဝတီပုဏ္ဏေးမတို့၏ သားတော်ဖြစ်၏။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ် ထိမ်းမြား၏။ သားတော်ဖီဝိတသေန တစ်ပါးကို ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကိုစွန့်ပယ်ကာ တောထွက်တော်မူသည်။ ၇ ရက်ကြာမျှဒုက္ကရစရိယာ ကျင့်တော် မူပြီးနောက် ပညောင်ဗောဋိပင်ရင်းဝယ်သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက ၂ပါးကား အရှင်တိဿနှင့် အရှင်ဘာရဒွါဇ ဖြစ်သည်။ အဂ္ဂသာဝိကာမ ၂ ပါးကား အနုလာနှင့် ဥရုဝေလဖြစ်သည်။ထိုမြတ်စွာဘုရား၏ဉာဏ်တော် အမြင့်မှာ အတောင်၂ဝဖြစ်၏။ သက်တော် အနှစ် ၂ဝဝဝဝ ရှည်တော်မူ၍သေတဗျအရာမ်၌ ပရိနိဗ္ဗာန် […]

Uncategorised , ကလေးများအကြောင်း

ကလေးအားကစားနည်းများမြန်မာ

Posted on:

ကလေးကြီးပြင်းလာပုံ ။ ။ သက်ရှိဟူသရွေ့သည်တစ်စတစ်စ ကြီးပြင်း လာကြရသည်ချည်း ဖြစ်၏။ ယင်းတို့ ကြီးပြင်းလာပုံကို သိလိုလျှင်၊ မွေးဖွားသည့် အချိန်မှစ၍တဖြည်းဖြည်း အသက်အားဖြင့်၎င်း၊အရွယ် အားဖြင့်၎င်း၊ စိတ်နေသဘောထားအားဖြင့်၎င်း၊ ပြုမူ လုပ်ကိုင်ပုံအားဖြင့်၎င်း၊ ကြီးမားပြောင်းလဲလာပုံကို စူးစမ်းကည့်ရှုသင့်သည်။ သတ္တဝါအပေါင်းတို့သည် မသိနားမလည်သေးသောအကောင်ကလေးဘဝကို လွန်မြောက်ပြီးမှသာလျှင် တတ်သိ နားလည်သော အကောင်ကြီးဘဝသို့ ရောက်ရစမြဲဖြစ်သည်။ အဆင့်အတန်း အမြင့်ဆုံးဖြစ်သော လူသတ္တဝါ မဆိုထားဘိ၊ အနိမ့်ဆုံးဖြစ်သော တိရစ္ဆာန်များပင် အကောင်ကလေးဘဝမှ ကြီးပြင်းလာရ၏။ သို့သော် လူတို့ ကြီးပြင်းလာပုံနှင့် တိရစ္ဆာန်များကြီးပြင်းလာပုံမှာခြားနားသည်။ လူတို့သည် တိရစ္ဆာန်များထက် ကလေးဘဝ တွင် ကြာကြာ နေရသည်။ သတ္တဝါ အဆင့်အတန်း မြင့်လေ၊ ကြီးပြင်းအောင် ပြုစုစောင့်ရှောက်ရသည့်အချိန်ပိုကြာ လေဖြစ်၏။ အဆင့်အတန်းမြင့်သည့် […]

Uncategorised , လူမျိုး , လူမျိုးများ

ကောလူမျိုး

Posted on:

ကောလူမျိုး။ ။ကောလူမျိုးမှာ လိုလိုမိုဆို အစုဝင်လူမျိုးဖြစ်သည်။ လူဦးရေမှာ ၄ဝဝဝဝ နီးပါးမျှရှိ၍ တဖြည်းဖြည်းတိုးတက်လျက်ရှိသည်။ ကောလူမျိုးများသည်နေထိုင်ရာ အစုအလိုက် အိကော၊ ခကော၊ ကောဟူ၍အမည်ကွဲပြားလျက်ရှိသည်။ (လိုလိုမိုဆိုလူမျိုး-ရှု) ထိုလူမျိုးတို့၏ မူရင်းဒေသမှာ ယူနန်နယ်ဖြစ်သည်။ထိုဒေသမှ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ဆင်းသက်လာ၍ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံနယ်အရှေ့ဘက်နယ်စပ်ဆီမှမြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာဟန်တူသည်။ ယခု အခါတွင် ထိုသူတို့ကို ရှမ်းပြည်တောင်ပိုင်း အရှေ့စွန်ဒေသများတွင် အများဆုံး တွေ့ရ၏။ ယူနန်နယ် တောင်ပိုင်းနှင့် ယိုးဒယား နိုင်ငံ မြောက်ပိုင်းတို့၌လည်း တွေ့ရသည်။ ကောလူမျိုးတို့မှာ များသောအားဖြင့် နတ်ကိုးကွယ်ကြ၏။ ခရစ်ယန်အယူဝါဒီ အနည်းငယ်မျှသာ ရှိသည်။ အယူသည်း၍ ဘိုးဘေးစဉ်ဆက်ကို ရိုသေကိုးကွယ်ကြသူများဖြစ်သည်။ကချင်တို့ကဲ့သို့ပင် လူရည်သန့် လူတောင့်များဖြစ်ကြသည်။ ရိုးရိုးနှင့်ရှင်းရှင်း နေတတ်ကြသည်။ အမြွှာ၊ ရုပ်ပျက်ဆင်းပျက်၊ မစွမ်းမသန် […]

ဗုဒ္ဓ , ဘာသာ

ကောဏာဂုံမြတ်စွာဘုရား

Posted on:

ကောဏာဂုံမြတ်စွာဘုရား ။ ။ကောဏာဂုံ မြတ်စွာဘုရားသည် ဤဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးဘုရား ၄ ဆူအနက် ဒုတိယ မြောက် ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ သောဘဝတီပြည် ယညဒတ္ထပုဏ္ဏားနှင့် ဥတ္တရာပုဏ္ဏေးမတို့၏ သားတော်ဖြစ်၏။ အရွယ်ရောက်သော် သင့်မြတ် သောသတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏။ သားတော်တစ်ပါးကို ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်မူသည်။ ၆ လကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ရေသဖန်း ဗောဓိပင်ရင်း ဝယ် သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူသည်။ထိုမြတ်စွာဘုရား၏အဂ္ဂသာဝကတပည့် ၂ ပါးမှာ ရှင်ဘိရောသနှင့် ရှင်ဥတ္တရော ဖြစ်သည်။ အဂ္ဂသာဝိကာမတပည့်မ ၂ ပါးမှာ ဥတ္တရာနှင့် သမုဒ္ဒါ ဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော် အမြင့်သည်အတောင်၃ဝ ဖြစ်၏။ သက်တော် […]

ပြည်နယ် , ဗုဒ္ဓ , ဘာသာ

ကပိလဝတ်ပြည်

Posted on:

ကပိလဝတ်ပြည် ။ ။ကပိလဝတ်ပြည်သည် ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးစိုးစံတော်မူသော ပြည်ဖြစ်၏။ အိန္ဒိယနိုင်ငံတွင် ရှေးအခါက တိုင်းကြီး ၁၆ တိုင်း၊ ပြည်ကြီး ၂ဝ ဟုကျော် စောခဲ့သည့် အနက်၊ သက္ကတိုင်း ကပိလဝတ်ပြည်တွင် သာကီဝင်တို့ ကြီးစိုးခဲ့သည်။ ဥက္ကာကရာဇ်မင်းကြီးသည် သားတော်နှင့် သမီးတော် များကို ဟိမဝန္တာတောသို့ သွားရောက်နေထိုင်ရန် အမိန့် ရှိခဲ့ရာမှ သား တော်၊ သမီးတော်တို့သည် ကပိရသေ့ကြီး၏ ကျောင်းသင်္ခမ်းအနီးတွင် ရသေ့ကြီး၏ အဆုံးအမကို ခံယူကာ တိုင်းပြည် တည်ထောင်ခဲ့ကြသည်။ ထိုအချက်ကို အစွဲပြု၍ ကပိလဝတ်ပြည်ဟု ခေါ်တွင်သည်။ ကပိလဝတ် ပြည်ကို မြန်မာစာပေများ၌ ကပ္ပိလဝတ်၊ […]

ဗုဒ္ဓ , ဘာသာ , ရိုးရာဓလေ့ , ရိုးရာဓ‌ေ

ကထိန်

Posted on:

ကထိန် ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါ ရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်း ကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကိုဖြစ်စေအများ ကို ဖြစ်စေ “ဣမံစီဝရံသံဃဿဒေမိ’ဤသင်္ကန်းကိုသီ ဃာ တော်များအား လှူဒါန်းပါ၏ဟု လျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြလေသည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေ တော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ် တို့သည်မိမိတို့ ဝါဆိုဝါကပ်ရာဖြစ်သော ကေ တပြည်မှ ဝါကျွတ်သောအခါ ခြေလျင် ခရီးဖြင့် ကြွလာ ကြ၏။ ထိုအခါ မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့်ရဟန်း များ မိုးရေ စိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို […]

ဗုဒ္ဓ , ဘာသာ

ကကုသန်မြတ်စွာဘုရား

Posted on:

ကကုသန်မြတ်စွာဘုရား။ ။ ဘုရားငါးဆူပွင့်ရာ ဤဘဒ္ဒ ကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီး ဘုရားလေးဆူအနက် ပထမ ဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏေးမတို့၏သား ဖြစ်၏။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏။ သားတော်ဥတ္တရကို ဖွားမြင်ပြီး နောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော် မူသည်။ ရှစ်လကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကုက္ကိုဗောဓိပင်ရင်းဝယ် သမ္ဗုညုတဉာဏ်တော်ကို ရ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့် နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိင်္ဂီဝတို့ဖြစ်သည်။ အလုပ် အကျွေး (တပည့်)ကား ရှင်ဗုဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာ ဘုရား၏ဉာဏ်တော်အမြင့်သည်အတောင် လေးဆယ် ဖြစ်၏။ သက်တော် […]