ကျော်စွာ မင်းများ

ကျော်စွာ (၇၀၄-၇၁၂)

Posted on:

ကျော်စွာ (၇ဝ၄-၇၁၂)။                           ။ဤမင်းသည် ပင်းယမင်း၆ ဆက်တွင် ၃ ဆက်မြောက် မင်းဖြစ်သည်။ တစီးရှင်သီဟသူ၏ သားတော်ဖြစ်၍ မင်းသားဘဝက ပင်လယ်မြို့ကိုစားရသည်။ ပယ်လယ်မြို့မှ ဆင်ဖြူငါးစီးရသောကြောင့် ငါးစီးရှင်ကျော်စွာဟု ခေါ်တွင်သည်။ သက္ကရာဇ် ၇ဝ၄ ခုနှစ် တွင်နောင်တော်ဥဇနာမင်းက ထီးနန်းကို လွှဲအပ်ပေးသဖြင့် နန်းတက် ရသည်။ ထိုမင်းသည် ပညာရှိများနှင့်သူရဲကောင်းများကို ချီးမြှင့်မြှောက်စား တော်မူလေ့ရှိသည်။ထိုမင်းလက်ထက် မြင်းစီး သူရဲကောင်းများ ပေါ်ထွက်ခဲ့သည်။ မင်းကြီး ကိုယ်တိုင်ကလည်း မြင်းစီးခြင်း ကာကခြင်းများကို ဝါသနာထုံလေသည်။ “ တာဝတိံသာ […]

ကျော်စွာ မင်းများ

ကျော်စွာ (သက္ကရာဇ် ၆၄၈-၆၆ဝ)

Posted on:

ကျော်စွာ (သက္ကရာဇ် ၆၄၈-၆၆ဝ)။                      ။ဤမင်းသည်ပုဂံမင်း ၅၅ ဆက်တွင် ၅၃ ဆက်မြောက် မင်းဖြစ်သည်။နရသီဟပတေ့တရုတ်ပြေးမင်း၏ သားတော်အငယ်ဖြစ်၍မင်းသားဘဝကဒလမြို့စားရသဖြင့် ဒလစားကျော်စွာဟုတွင်သည်။ သက္ကရာဇ် ၆၄၈ ခုနှစ်တွင် သီဟသူမင်း ကံကုန်သဖြင့်ထီးနန်းဆက်ခံသည်။ ကျော်စွာမင်းလက်ထက် ရခိုင်၊ ဓညဝတီ၊ ပဲခူး၊ မုတ္တမ၊ယိုးဒယား၊လင်းဇင်း၊ လဝိုက်၊ ယွန်းပြည်၊ ဂုံပြည်၊ လူးပြည်၊မိုင်းမျဉ်းစသော ပြည်နယ်များက ထောင်ထားခြားနားကြသည်။ သံလွင်မြစ် အနောက်ဖက်ဒေသများ၊ စောလုံရှမ်းကိုးပြည်နှင့် ပုသိမ် ၃၂ မြို့တို့သည်သာ ကျော်စွာမင်း၏ပိုင်ဆိုင်သောနယ်များ ဖြစ်ကြသည်။ထိုမင်း၏ မိဖုရားများကား ကျစွာမင်းကြီး၏မြေးတော်စောခင်ထွတ်၊ ပုသိမ်စား ဥဇနာ၏ နှမ […]

ကျေးရွာသာယာမှု

ကျေးရွာသာယာမှု

Posted on:

ကျေးရွာသာယာမှု။                     ။မြို့ကြီးပြကြီးများသည် စီးပွားရေးလုပ်ငန်းများအတွက် အထူးသင့်လျော်သော်လည်း စိမ်းလန်းစိုပြေသော သဘာဝ၏သာယာမှုများ ကိုမူ ကျေးလက်တောရွာများတွင်သာ တွေ့နိုင်ပေသည်။ တောတောင်ရေမြေ၊ ထွေထွေစိမ့်စမ်း၊ တောလမ်းတောင်လမ်း အံ့မခန်း သောသဘာဝလောကကြီး၏ ရှုခင်းများကို လူတိုင်းပင်ရှုလိုမြင်လိုကြသည်။အထူးသဖြင့် စက်ရုံအလုပ်ရုံများ၊ယာဉ်ရထားများဖြင့် ပြည့်နှက်လျက်ရှိသော မြို့ကြီးပြကြီးတွင်နေထိုင်သူတို့သည် တောသူတောင်သားများထက်ဩကာသ လောကကြီး၏ သဘာဝအလှကို ကြည့်ရှုခံစားလိုကြပေသည်။ မြို့ကြီး ပြကြီးများတွင်ပန်းခြံများ၊ ရေကူးကန်များ၊ တိရစ္ဆာန်ရုံများထားရှိခြင်းမှာ တောလက်ကျေးရွာများသို့ မသွားနိုင်သူများအဖို့ အပန်းဖြေနိုင်ရန်သဘာဝကို တု၍ပြုပြင်စီရင်ထားခြင်းများ ဖြစ်သည်။ တသွင်သွင် စီးကျနေသော စမ်းချောင်းကလေးများ၊စိမ်းလန်းသော တောတန်းကလေးများ၊ တောတွင်းပျော်ကျေးငှက်တိရစ္ဆာန်များ၊ သဘာဝမြက်ခင်းကလေးများ၊တောင်ပူစာကလေးကိုကွေ့၍ ဖောက်ထားသော လှည်းလမ်းကလေးများ၊ ခင်တန်းမြင့်ပေါ်တွင် […]

ကျေးကျွန်စံနစ်

ကျေးကျွန်စံနစ်

Posted on:

ကျေးကျွန်စံနစ် ။           ။ကမ္ဘာပေါ်တွင် ကိုယ်ပိုင်ကျေး ကျွန်များထားရှိသည့်စံနစ်သည် ရှေးပဝေဏီ အခါကာလက ပင်ပေါ်ပေါက်ခဲ့သည်။ ကမ္ဘာဦးလူတို့သည် ရေကြည်ရာမြက်နုရာ ရှာဖွေယင်း အုပ်စုတစ်ခုနှင့်တစ်ခုအမြဲတစေယှဉ်ပြိုင် တိုက်ခိုက်လေ့ရှိကြသည်။ ပထမသော် နိုင်သည့်အုပ်စုက ရှုံးသည့်အုပ်စုကို တစ်ယောက် မကျန် သတ်ဖြတ်ပစ်လေ့ရှိသည်။ လူတို့သည် ရှာဖွေစား သောက် နေထိုင်သောဘဝမှထွန်ယက်စိုက်ပျိုး နေထိုင်တတ်သော အဆင့်အတန်းသို့ရောက်ရှိလာသောအခါ တိုက်ပွဲတွင်အရှုံးရသူတို့ကို သတ်ပစ်မည့်အစား မိမိတို့လုပ်ငန်းများတွင် ခိုင်းစေရန် ကျွန်အဖြစ်ထားကြသည်။ ကျေးကျွန် စံနစ်သည် ယခုခေတ်မျက်စိတွင် ယဉ်ကျေးမှုနှင့်ဆန့်ကျင် သောစံနစ်တစ်ခု ဖြစ်ငြားသော်လည်း ကမ္ဘာဦးလူတို့အဖို့ ကျေးကျွန်စံနစ် ပေါ် ပေါက်လာခြင်းကား လူ့ယဉ်ကျေးမှု တစ်ဆင့် တက်လာသည်ဟု ဆိုရပေမည်။ ကျေးကျွန်ဖြစ် လာရသည့် […]

ထင်ရှားသော ပုဂ္ဂိုလ်များ (ပြည်ပ)

ကျူးရီး၊ အမ် (ခရစ် ၁၈၆၇-၁၉၃၄)

Posted on:

ကျူးရီး၊ အမ် (ခရစ် ၁၈၆၇-၁၉၃၄) ။                 ။ မာရီကျူးရီကို ၁၈၆၇ ခု နိုဝင်ဘာလ ၇ ရက်နေ့တွင် ပိုလန်နိုင်ငံဝါဆောမြို့၌ ဖွားမြင်သည်။ ပိုလန်လူမျိုးမိဖများမှ မွေးဖွားခဲ့သူဖြစ်၍၊ သူ၏ဖခင်မှာ ဝါဆောမြို့ကောလိပ်ကျောင်းမှရူပဗေဒပါမောက္ခ လာဒစ္စလော့စကလိုဒေါ့စကား ဆိုသူဖြစ်ပေသည်။ အသက်အရွယ်ငယ်စဉ်ကပင် မာရီသည် ဖခင်၏လက်တွေ့ စမ်းသပ်ခန်းထဲတွင်သာ အချိန်ဖြုန်းလေ့ ရှိသည်။ဤသို့ဖြင့် ကြီးပြင်းလာသည့်အခါ ဖခင်၏အလုပ်တွင်စိတ်ဝင်စားလာပြီးလျှင် ဖခင်ထံတွင် အခြေခံသိပ္ပံပညာရပ်များကို သင်ကြားခဲ့၏။ ဉာဏ်ပညာထက်မြက်သည့်အလျောက်ဆရာကြီး၏တပည့်များက မာရီအား ပါမောက္ခကလေးဟူ၍ အမည်ပေးခဲ့ကြသည်။ မာရီသည် အသက်၁၆ နှစ်အရွယ်တွင် သင်္ချာနှင့်သိပ္ပံပညာရပ်များ၌ ထူးချွန်သဖြင့်ရွှေတံဆိပ်ဆု ရခဲ့ဘူး၏။ ရုရှားနိုင်ငံတွင် ကလေးထိန်း […]

ကျွန်းများ

ကျူးဗားကျွန်း

Posted on:

ကျူးဗားကျွန်း ။             ။ ကျူးဗားကျွန်းမှာ အနောက်အိန္ဒိယကျွန်းစုများထဲတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးဖြစ်၏။ကျွန်း၏ ပုံသဏ္ဌာန်မှာ ငှက်၏ လျှာကဲ့သို့ ခပ်ကွေးကွေးဖြစ်၏။ ကျူးဗားကျွန်းသည် မက္ကဆီကို ပင်လယ်ကွေ့ အဝင်ဝအလယ်တွင်ရှိသဖြင့် အဝကို ဝင်ပေါက်နှစ်ပေါက်ဖြစ်အောင်အညီအမျှ ပိုင်းခြားထားသကဲ့သို့ တည်ရှိနေလေသည်။ထိုကျွန်းသည် ဖလော်ရီဒါ ပြည်နယ် ကီးဝက်မှ မိုင် ၁ဝဝခန့် ကွာ၍ ယုကတန်ကျွန်းဆွယ်မှ မိုင် ၁၃ဝ ဝေးသည်။တောင်ဖက် ၈၅ မိုင်အကွာတွင် ဂျမေးကားကျွန်းနှင့် အရှေ့ဖက် မိုင် ၅ဝ ခန့်အကွာတွင် ဟေးတီးကျွန်း ရှိလေသည်။ကျူးဗားကျွန်းသည် အလျားမိုင် ၇၃ဝ နှင့် အနံပျမ်းမျှမိုင် ၅ဝ ရှိ၏။ အိုင်းအော့ပိုင်း […]

ပုံပြင်

ကျူးပစ်နှင့် ဆိုက်ကီး

Posted on:

ကျူးပစ်နှင့် ဆိုက်ကီး ။              ။ဗီးနပ်ခေါ် အချစ်နတ်သမီး၏ရင်နှစ်သားချစ်ဖြစ်၍၊ မိခင်၏အနားတွင် လေးမြားတို့ဖြင့်အမြဲခစားကာ ကစားလျက် ရှိသူကား ကျူးပစ်နတ်သားပင် ဖြစ်၏။ နတ်လောကတွင် ကျူးပစ်ဖူးစာရေး နတ်ကလေးအား နတ်ပြောင်နတ်ရှုတ်နတ်ပျော် ကလေးအဖြစ် အပြစ်ကိုဗွေမယူကြဘဲ ချစ်ခင်ကြလေသည်။ ထို နတ်ရှုပ်ကလေး၏မြားချက် ထိသူမှန်သမျှ အသက်ပင်မသေသော်လည်း ချစ်စိတ်ကြောင့် ဒုက္ခအရောက်ကြီးရောက်ကြရ၍ အချစ်ကြောင့်အပျော်ကြီးလည်း ပျော်ကြရ၏။ နတ်လူမဟူ သက်ရှိသူမှန်သမျှအား အနည်းနှင့်အများ ချစ်ဒုက္ခပေးတတ်သောထိုနတ်ကလေးကိုယ်တိုင်ပင်လည်း ချစ်ဒုက္ခ ခံစားရခြင်းမှမကင်းခဲ့ချေ။ ကျူးပစ် နတ်သားကလေးနှင့် ဆိုက်ကီး မင်းသမီးကလေးတို့၏ အဖြစ်အပျက်ကား များစွာစိတ်ဝင်စားဖွယ်ကောင်းလေသည်။ ရှေးအခါတုန်းက ရှင်ဘုရင်တစ်ပါး၌ သမီးတော်သုံးပါးရှိရာတွင် အကြီးနှစ်ပါးမှာ အထိုက်အလျောက် အိမ်ထောင်ဖက် […]

ဥယျာဉ်

ကျူဂါးဒင်းဥယျာဉ်

Posted on:

ကျူဂါးဒင်းဥယျာဉ်။             ။အင်္ဂလန်ပြည် ဆာရီနယ်အတွင်းရှိ ကျူးရွာတွင်ကျူးဂါးဒင်းခေါ် ကမ္ဘာကျော်ဘုရင့် ရုက္ခဗေဒ ဥယျာဉ် ရှိ၏။ ကမ္ဘာအရပ်ရပ်သို့ လှည့်လည်သူမှန်သမျှ ထိုနေရာသို့ ရောက်လျှင် ကျူးဂါးဒင်းသို့ သွားရောက်မကြည့်သူ မရှိချေ။ သို့ဖြစ်ရာ ကျူးဂါးဒင်းသည်ကြည့်ရှုသူများနှင့် အမြဲ စည်ကားလျက် ရှိလေသည်။ တတိယ ဂျော့ဘုရင်၏ မယ်တော်သည် ကျူးနန်းတော်နှင့်ဆက်စပ်လျက်ရှိသော မြေ ၉ ဧကခန့်တွင် ဝီလျံ အိုက်တန်ဆိုသူအား ဥယျာဉ်ငယ်တစ်ခု ပြုစု ပျိုးထောင်စေခဲ့ရာ နောင်တဖြည်းဖြည်း ပြုပြင်မွမ်းမံခြင်းဖြင့် မူလ ၉ ဧကမျှကျယ်သောဥယျာဉ်ငယ်မှာ ဧက ၃ဝ အထိ ကျယ်ပြန့်လာလေသည်။ ထို့ပြင် ကမ္ဘာအရပ်ရပ်မှအပင်အမျိုးမျိုးကို လိုလေသေး မရှိအောင် […]

ကမ္ပည်းစာ

ကျူနီးဖောင်းစာ

Posted on:

ကျူနီးဖောင်းစာ။                 ။ကျူနီဖောင်းဆိုသည်မှာ မြားဦးသဏ္ဌာန်ရှိသော ရှေးအခါကရေးထိုးသည့် ကမ္ပည်းစာတစ်မျိုးဖြစ်သည်။ ထိုစာမျိုးကို ဆူမီးယားရီးယန်းလူမျိုးတို့က စတင်တီထွင်ရေးသားကြ၍၊ မက်ဆိုပိုတေးမီးယားနယ်ရှိတိုင်းဂရစ်နှင့် ယူဖရေးတီးမြစ်ဝှမ်းဒေသတွင် ရှေးအကျဆုံးသော ကျူနီးဖောင်းအရေးအသားမျိုးကို တွေ့ရ၏။အရုပ်နှင့် သရုပ်ဖော်ရေးနည်းမှတဖြည်းဖြည်းကျူနီးဖောင်းရေးနည်းကို ထွင်ယူကြ၏။ ကျူနီဖောင်း အက္ခရာများမှာရွံ့ပြားပေါ်တွင် ကညစ်ဖြင့်ရေးသား၍၊ ရွံ့ပြားကိုမီး ဖုတ်ပြီးလျှင် ကမ္ပည်းစာများကို အဓွန့်ရှည်စွာတည်တံ့အောင်ပြုထားခြင်းဖြစ်သည်။ ကျူနီဖောင်းအရေးအသားများကိုအဓိပ္ပာယ်ဖော်၍ ဘာသာပြန်ရန်အလွန်ခဲယဉ်း၏။ကြောင်းမှာ လက္ခဏာအမှတ်အသားတစ်ခုသည် အဓိပ္ပာယ်အမျိုးမျိုး ပေါက်နိုင်သောကြောင့်ဖြစ်၏။ လက္ခဏာများသည် အတူယှဉ်တွဲထားသော အမှတ်အသားကိုလိုက်၍ အဓိပ္ပာယ်အမျိုးမျိုး ပြောင်းနိုင်၏။ ၁၈ဝဝ ပြည့်နှစ်ခန့်တွင် ဂျီအက်(ဖ) ဂရိုတီဖင်းဆိုသူ ဂျာမန်လူမျိုးတစ်ဦးသည် ထိုကျူးနီဖောင်း အရေးအသားများကို ကြိုးစား၍ဘာသာပြန်ခဲ့ရာ၊ ၁၈၅ဝ ပြည့်နှစ်နောက်ပိုင်းတွင် ပြီးဆုံးအောင်မြင်လေသည်။ […]

ဘုန်းကြီး

ကျီးသဲလေးထပ်ဆရာတော်

Posted on:

ကျီးသဲလေးထပ်ဆရာတော် ။                 ။ကျီးသဲလေးထပ်ဆရာတော်မှာ ဇိနတ္ထပကာသနီ၊ စွယ်စုံကျော်ထင်အဖြေ၊ကဗျာသာရတ္ထ သင်္ဂဟကျမ်း၊ မင်္ဂလတ္ထဒီပနီနိသျ၊ မဟာဝင်ဝတ္ထု၊ ကျီးသဲမေတ္တာစာစသော ကျမ်းပြုဆရာတော် ဖြစ်သည်။ ဘွဲ့တော်မှာအရှင်မုနိန္ဒာဘိဓဇဖြစ်၍ရွှေတောင်မြို့ကျီးသဲရွာလေးထပ်ကျောင်းကြီးတွင်သီတင်းသုံးတော်မူခဲ့သည်။ သက္ကရာဇ် ၁၁၇၉ ခုသီတင်းကျွတ်လပြည့်ကျော်ရက် ကြာသပတေးနေ့တွင် ရွှေတောင်မြို့ကျီးသဲရွာရှမ်းတန်းကလေးရပ်၌ဖွားမြင် တော်မူ သည် ။ငယ်မည်မှာဦးကင်းဖြစ်သည်။ ငယ်ရွယ်စဉ်ကစ၍ ပိဋကတ်အခြေပြုစာတို့ကို သင်ကြားတတ်မြောက်ခဲ့လျက် ၁၉ နှစ်နှင့်၆ လ အရွယ်တွင် ရဟန်းအဖြစ်သို့ ရောက်ပြီးနောက် မန္တလေးရတနာပုံ နေပြည်တော်သို့ တက်ကာတံဆိပ်တော် အထပ်ထပ်ရတော်မူသော မောင်းထောင် သာသနာပိုင်ဆရာတော်၊ မိတ္ထီလာဆရာတော်၊ ခင် မကန်ဆရာတော်၊ ရွှေတိုက်ဝန် ဆရာတော်စသော ဆရာတော်ကြီးတို့ထံ၌ ပိဋကတ်ကျမ်း၊ လောကီကျမ်းများကိုသင်ကြားတတ်မြောက်တော်မူသည်။ […]